ပဲခူး ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးတင်ဆွေသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်ဆွေနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောက်ရွက်ခဲ့သော ဒိုက်ဦးမြို့နယ် သုံးခွကျေးရွာအုပ်စု၊ သုံးခွကျေးရွာ ရွာတွင်းလမ်း(၀/၆.၆၆၇ မိုင်)ဂဝံခင်းခြင်းလုပ်ငန်း၊ နတ်ကင်းကျေးရွာအုပ်စု ပလစ်ကျေးရွာ ဂဝံခင်းခြင်းလုပ်ငန်း၊ လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် ဒိုက်ဦး-ဥသျှစ်ကုန်းလမ်းမိုင်(၂/၄-၃/၄)(4.02km-5.63km)ထိ(၁)မိုင် ကတ္တရာရေပိတ်လွှာလောင်းခြင်းနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ် ပဲခူး-ညောင်လေးပင်လမ်းပိုင်း လမ်းအကျယ် (၃၆)ပေအား (၄၈)ပေလမ်းချဲ့ခြင်း ဆောင်ရွက်ပြီးစီးမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ရထားလမ်းအနီးနေထိုင်ကြသည့် ပြည်သူများအား ရန်ကုန်-ပဲခူး-တောင်ငူ နေပြည်တော်လမ်းပိုင်းတွင် ပြေးဆွဲနေသော DEMU ရထားတွဲဆိုင်းသစ်များ၏ (၁၀၀)ကီလိုမီတာ/(၆.၂၅)မိုင်နှုန်းဖြင့် ပြေးဆွဲနေပြီဖြစ်၍ ရထားလမ်းအနီးနေထိုင်ကြသည့် ပြည်သူများအနေဖြင့် အမှုမဲ့၊ အမှတ်မဲ့ရထားလမ်းအား မဖြတ်ကူးရန်နှင့် အစုန်/အဆန်ရထားလမ်းနှစ်ခုလုံး ရထားကင်းရှင်းမှသာဖြတ်သန်းရန်၊ မော်တော်ယာဥ်၊ ဆိုင်ကယ်၊ ထော်လာဂျီများ တရားဝင်လမ်းကူးမှသာ ဖြတ်သန်းရန်နှင့် ဂိတ်ပိတ်ထားစဥ်ဖြတ်ကျော်ခြင်းမပြရန်မှာကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ဝေငှပေးခဲ့သည်။
ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(ငွေလုံငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်နေသော ပဲခူးမြို့နယ် ပဲခူး-ကတွင်းခြံ-စိုင်တီ-ကျိုက်ပဒိုင်ရွာချင်းဆက်လမ်းပေါ်ရှိ (၄.၅၇မီတာx ၆.၁မီတာ) သံကူကွန်ကရစ်တံတား(၁)စင်းတည်ဆောက်ခြင်း၊ (၁၂.၁၉ မီတာx ၆.၁မီတာ) သံကူကွန်ကရစ်တံတား (၁)စင်းတည်ဆောာက်ခြင်း လုပ်ငန်းများနှင့် ပဲခူး-ကတွင်းခြံ-စိုင်တီ-ကျိုက်ပဒိုင်ရွာချင်းဆက်လမ်း (၃.၂)ကီလိုမီတာမှ (၃.၆)ကီလိုမီတာကြားလမ်းအရှည် (၀/၂)မိုင်(၀.၄၀)ကီလိုမီတာအား တစ်ဖက်လျှင်(၁.၂၂)မီတာ အကျယ်(၂၀၀)မီလီမီတာ ထုဂဝံခင်းခြင်းနှင့် တစ်ဖက်လျှင်(ဝ.၉၁)မီတာစီ အကျယ်မြေသားတာဘောင်ချဲ့ခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)