ရှေးယခင် မြို့ပေါင်း (၂၃၀) စေတီပေါင်း (၂၃၀) တည်ထားကိုးကွယ်ရာတွင် တစ်မြို့တစ်ဆူ ပါဝင်ခဲ့သော ဝန်းသိုမြို့နယ် မော်နိုင်းကျေးရွာရှိ ရွှေကူကြီးသာသနာ့ကုန်းမြေ

ဝန်းသို ဇန်နဝါရီ ၁၄

အင်းဝဘုရင် စဉ့်ကူးမင်းလက်ထက်၊ အမရပူရရွှေမြို့တော်ကို ပထမတည်ထောင်တော်မူသည့် (ပဒုံမင်း) သို့မဟုတ် (ဘိုးတော်ဦးဝိုင်း) အုပ်စိုးတော်မူသော မြို့ပေါင်း ၂၃၀၌ ရွှေကူကြီးစေတီ ၂၃၀ ဆူတို့ကို ကောဇာသက္ကရာဇ် ၁၁၄၅ ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့ရာ ယခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မော်နိုင်း ကျေးရွာ အပါအဝင် မော်နိုင်း ကျောင်းတိုက်အတွင်းရှိ ရွှေကူကြီးစေတီလည်း တစ်ဆူအပါအဝင်ဖြစ်ကြောင်း ကျောက်စာ မှတ်တမ်းအရ သိရှိရသည်။

 “ပဒုံမင်းလက်ထက် မော်နိုင်းစော်ဘွား သီရိနန္ဒမိတ္တကျော်ထင်ဘွဲ့နဲ့ မှန်ကန်ရွာမှာ ဟော်နန်းစိုက်ဖို့ ပထမဦးစွာ စီစဉ်ကြတယ်၊ နန္ဒမိတ္တကျော်ထင်က အဲ့ဒီနေရာမှာကျဉ်းမြောင်းတယ်ဆိုပီး မော်နိုင်းကို ရွေ့ပြောင်း ကာ ဟော်နန်းစိုက်ခဲ့ ရာမှ မော်နိုင်းမြို့ဖြစ်ပေါ်လာတယ်၊ မော်နိုင်းမြို့ရဲ့ နဂိုမူရင်းက အိုးမြေနီကုန်းရွာလို့ သမိုင်းမှာရှိပါတယ်၊ အဲ့တော့ မုဆိုးဆက် ၁၁ဆက်မြောက်၊ သီပေါမင်း လက်ထက် ၁၂၄၃ ခုနှစ်  အုပ်စိုးတော်မူ သော ၂၃၀သောမြို့တို့မှာ ယခု (မော်နိုင်းကျေးရွာ) မော်နိုင်မြို့က တစ်မြို့အပါဝင်ဖြစ်ပြီးတော့ မော်နိုင်းစော် ဘွား နန္ဒမိတ္တကျော်ထင် တည်ထားကိုး ကွယ်ခဲ့တဲ့ ရာဇာမုနိရွှေကူကြီးစေတီတော်ကြီးကလည်း တစ်ဆူအပါ အဝင်ဖြစ်ခဲ့ပါတယ် ဒါကြောင့် ကျွန်တော်တို့ ကျေးရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်စေတီတော် ရွှေကူကြီး သာသနာ့ကုန်းမြေကို လာရောက်လေ့လာဖူးမျှော် နိုင်ပါ တယ် “ဟု  မော်နိုင်းကျေးရွာရပ်မိ/ရပ်ဖ ဦးတင်ထွန်းက ပြောသည်။

အဆိုပါ မော်နိုင်းကျောင်းတိုက် ရွှေကူကုန်းမြေအတွင်း စေတီပေါင်း ၂၃၀မှ တစ်ဆူအပါ အဝင်ဖြစ်သည့် ရွှေကူကြီး စေတီတော်အပြင် ဝန်းသိုမြို့နယ် မိုင်းသုံတောင်ကို အခြေခံပြီးဖြစ်ပေါ် လာသည့် အနယ်နယ်အရပ် ရပ်မှ ရှစ်ခိုးပူဇော်ပသ လျက်ရှိသည့် မိုင်းသုံဘိုးတော်ကြီးဟော်နန်း၊ နှစ်ပေါင်း ၁၀၀ခန့်ရှိ မြောက်ကျောင်း ဆဗ္ဗဏ္ဏရံသီ စေတီတော်ကြီး၊ ထူးခြားသည့်  ဖားစည်၊ ဓာတ်တိုင်(သို့)မှန်တိုင်စသည်တို့ကို ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ လာရောက်လေ့လာ ဖူးမျှော် ကြည်ညိုနိုင်ပါကြောင်း ဖိတ်ခေါ်တင်ပြလိုက်ရပါသည်။  

ကျော်မြိုင် (ပြန်/ဆက်)