ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ ကျော်သလေးခိုကျေးရွာတွင် ကျောင်းဝင်းခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းစတင် ဆောင်ရွက်

ရှမ်းရွာသစ်     ဇန်နဝါရီ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အုပ်စု၊ ကျော်သလေးခိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဝင်းခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပညာရေးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၈၂)သိန်းဖြင့် အရှည် (၁၁၀၀)ပေ၊ အမြင့် (၅)ပေရှိ ကျောင်းဝင်းခြံစည်းရိုး ကာရန်ခြင်းကို လုပ်ငန်းတာဝန်ရှိသူများတို့က သတ်မှတ်စံချိန်စံညွန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်းများနှောင့်နှေးကြံ့ကြာမှုမရှိစေရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ၎င်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ယခင်ကထက် ကျောင်း ခြံစည်းရိုး တင့်တယ်ကောင်းမွန်လာပြီး အမြင်အားဖြင့်များစွာ လှပလာမည်ဖြစ်ကြောင်း သိရှိရသည်။

ဝေဠု (ပြန်/ဆက်)