နတ်မောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သမှုန်းပင်ကျေးရွာတွင် ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က သောက်သုံး ရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်ရေများလှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် ရန်ကုန်မြို့နေ ဦးရဲမင်းနိုင်၊ ဦးမျိုးဝင်း၊ ဦးဘချစ်၊ ဦးညွှန့်ဝင်းနှင့် မကွေးမြို့နယ် ကြာကန်ကျေးရွာနေ ဦးမိုးကျော်တို့မှ စုပေါင်းလှူဒါန်း မှုဖြင့် နတ်မောက်ကွန်ရက်ပရဟိတ လူမှုကူညီရေးအသင်းမှ အလှူရှင်မိသားစုများကိုယ်စား စိတ်ဓာတ်ဖြူစင် ကရုဏာရှင်လူမှုကူညီရေးအသင်းရှိ ရေဂါလံ (၂၈၀၀) ဆံ့ ရေသည်ယာဉ်ဖြင့် သမှုန်းပင်ကျေးရွာရှိ ပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း ပေးခဲ့ ကြောင်း သိရသည်။
“ ယခုလို သောက်သုံးရေ လှူဒါန်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခင်နှစ်တွေက တပိုတွဲ၊ တပေါင်းလရောက်မှ သောက် သုံးရေလှူဒါန်းရခြင်းဖြစ်ပြီး ယခုနှစ်မိုးရာသီမှာ မိုးရွာ သွန်းမှုနည်းပါး မှုကြောင့် ပြာသိုလဆန်းကတည်းက သောက်သုံး ရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာနေပြည်သူများအား သောက်သုံး ရေရရှိစေရေး လှူဒါန်းပေးရခြင်းဖြစ်ပြီး အလှူရှင်များ ကိုယ်စား သောက်သုံးရေ အခက်အခဲရှိသော ကျေးရွာများသို့ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း” နတ်မောက် ကွန်ရက်ပရဟိတ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌထံမှ သိရသည်
သင်းသင်းဝေ (နတ်မောက်)