တမူး၊ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စော်ဘွားအင်းရပ်ကွက်ရှိ မြေနီကုန်းဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ထောက်ပံ့ငွေပေးအပ်နေမှု အခြေအနေများကို ပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူ (၂၁၉) ဦးအတွက် တစ်ဦးလျှင် တစ်လ (၂၀,၀၀ဝိ/-) ကျပ်နှုန်းဖြင့် (၁၀/၁၁/၁၂-၂၀၂၅) သုံးလအတွက် ထောက်ပံ့ငွေ (၆၀,၀၀ဝိ/-) ကျပ်နှုန်းဖြင့်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃,၁၄၀,၀၀၀ိ/-) ကျပ်အား တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်နေရပ်စွန့်ခွာပြည်သူများသို့ ထောက်ပံ့ငွေများပေးအပ်ရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ခဲ့သည်။
တမူးမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူ (၂၆၇၈) ဦး ရှိပြီး ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် ဧပြီလ ၃ ရက် နေ့မှ ၁၀ ရက်နေ့အထိ ရပ်ကွက်များအလိုက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ