ပေါင်းတည်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး သင်္ကြန်ယိမ်းအဖွဲ့များ စုဖွဲ့လေ့ကျင့်

ပေါင်းတည် ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ကဦးဆောင်၍ ရပ်ရွာပြည်သူများ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့များဖွဲ့စည်းကာ ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိရာ ငြိမ့်ညောင်းသာယာသော သင်္ကြန်သီချင်းများဖြင့် သင်္ကြန်ယိမ်းအကများ စုဖွဲ့လေ့ကျင့်ခြင်း၊ လမ်းလျှောက်သင်္ကြန်ပွဲ၊သက်ကြီးပူ‌ဇော်ပွဲ၊ စတုဒီသာကျွေးမွေးလှူဒါန်းပွဲနှင့် မြန်မာနှစ်သစ်ကူးတရားပွဲများ ကျင်းပပြုလုပ်နိုင်ရေးတို့အတွက် စုပေါင်း ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)