မုံရွာ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီး စာရင်းရှိ (၁၄၄) ပါး၊ ဖြေဆိုသူ (၁၀၉) ပါး၊ ပျက်ကွက် (၃၅) ပါး၊ ပထမ လတ်စာရင်းရှိ (၂၂၄) ပါး၊ ဖြေဆိုသူ (၁၇၇) ပါး၊ ပျက်ကွက် (၄၇) ပါးရှိကြောင်း သိရသည်။
မုံရွာမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ကျင်းပလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုများ ကပ်လှူခဲ့သည်။
ခရိုင်(ပြန်/ဆက်)