ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါး ဧက ၁၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအဓိကစိုက်ပျိုးသော ဒေသဖြစ်ပြီး ယခုနှစ်နွေစပါး ဧက ၁၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်မှာ ဒီနှစ် နွေစပါးစိုက်ပျိုးဖို့ ၁၆၆ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၁၁၀ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးရာမှာ သဖန်းဆိပ်ဆည်ရေကျ၊ မြေအောက်ရေ၊ ချောင်းရေနဲ့ တမံရေတို့ဖြင့်စိုက်ပျိုးကြပါတယ်။ လျာထားချက်ပြည့်မီဖို့ တောင်သူတွေ ဆက်လက်စိုက်ပျိုးနေကြပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ နွေစပါးစိုက်ပျိုးသည့် တောင်သူများအား ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်း သက်တမ်းတို မျိုးကောင်း မျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် စိုက်ပျိုးရေးနည်းပညာ‌များ အသိပညာပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်ကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများ ရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ