အိမ်မဲမြို့နယ် Community Centre ခန်းမတွင်  စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ မှ စာရေးဆရာ သရဝဏ်(ပြည်)၏ “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဧပြီ ၂ ရက်နေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ဦးဆောင် ဆွေးနွေးသူများဖြင့် မြို့နယ်ဦးစီးအရာရှိနှင့် Youth Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ လူငယ်နှင့်ဘဝရည်မှန်းချက် ပန်းတိုင်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ ကျွန်တော့်ဘဝ လူငယ်နှင့်ဝါသနာ အစရှိသည့် ခေါင်းစဥ်ဖြင့် အကြောင်း အရာများကို အချင်းချင်း အပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များအား ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းများ ကျင်းပပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်နှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း၊ စာဖတ်အား ပိုမိုကောင်းမွန် လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)