ကန့်ဘလူ ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံပန်းချီသင်တန်းနှင့်အင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲကို မတ် ၃၁ ရက်နံနက် ၁၀ နာရီခွဲက ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇင်မင်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြား သည်။ ထို့နောက် ခရိုင်ဦးစီးမှူးက သင်တန်းတွင် သင်ကြားပို့ချပေးသည့် နည်းပြဆရာများဖြစ်သည့် ပန်းချီဆရာကြီး ဦးစိုးမြင့်ဝေနှင့် အင်္ဂလိပ်စာဆရာ ဦးအေးကိုကိုတို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
အဆိုပါနွေရာသီအခြေခံပန်းချီနှင့်အင်္ဂလိပ်စာ Grammar သင်တန်းသို့ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးတက်ရောက်ပြီး မတ် ၁၂ ရက်မှ ၃၁ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း