အမာမြို့၊ Community Centre ခန်းမ၌ AI အသုံးပြုနည်းသင်တန်းပြုလုပ်

အမာ ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ Community Centre ခန်းမ၌ AI အသုံးပြုနည်းသင်တန်းကို ဧပြီ ၂ ရက်နေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ဒုတိယဦးစီးမှူး နော်လေးလီယန်က ယနေ့ခေတ်ကမ္ဘာကြီးသည် နည်းပညာတိုးတက်ပြောင်းလဲမှုများမှတစ်ဆင့် AI (Artificial Intelligence) ဉာဏ်ရည်တုပြောင်းလဲမှု ဖြစ်စဉ်များအထိ တိုးပြောင်းလဲလာခဲ့သဖြင့် ယနေ့ခေတ်သည် AI ခေတ်ဟု ပင်ဆိုနိုင်ကြောင်း၊ AI ၏ အခန်းကဏ္ဍသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနှင့် နယ်ပယ်အသီးသီးတွင် အရေးပါလျက်ရှိကြောင်းနှင့် AI ဆိုသည်မှာ ဉာဏ်ရည်အသုံးပြုဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရန်အတွက် လူသားတို့၏ဉာဏ်ရည်ကဲ့သို့ တီထွင်ဖန်တီးထားသော ကွန်ပျူတာစနစ် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဉာဏ်ရည်တု (AI) သည် ကွန်ပျူတာသိပ္ပံဘာသာရပ်၏ အခွဲတစ်ခုဖြစ်ပြီး လူသားများ၏ ဉာဏ်ရည်ဉာဏ်သွေးကဲ့သို့ တွေးခေါ်နိုင်ရန်၊ လုပ်ဆောင်နိုင်ရန်အတွက်  Computer program များရေးဆွဲကာလေ့ကျင့်ပေးထားသော စနစ်များဖြစ်ကြောင်း၊ AI စတင်ပေါ်ပေါက်လာပုံနှင့်  တီထွင်သူများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး AI Tool တစ်ခုဖြစ်သည့် Gemini ၏ ဆောင်ရွက်ပုံနည်းများ အဆင့်ဆင့်တို့ကို သင်တန်းတက်ရောက်လာသူ လူငယ်များအား လက်တွေ့သင်ကြား ပေးခဲ့ကြောင်းသိရသည်။

အမာ(ပြန်/ဆက်)