ကန်ကြီးထောင့်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကန်ကြီးထောင့် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းးအစည်းအဝေးကို ဧပြီ ၂ ရက်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်ပပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကြ၍ မြို့နယ်အဆင့်ကျင်းပမည့် ၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် ဆောက်လုပ်မည့်နေရာများ ရွေးချယ်ခြင်း၊ လမ်းလျောက်သင်္ကြန်ကျင်းပမည့်နေရာ ရွေးချယ်ခြင်း၊ စတုဒီသာ ကျွေးမွေးနိုင်ရေး အစီအစဉ်များ၊ ဖျော်ဖြေရေးအဖွဲ့များအား ငှားရမ်းခြင်း၊ ယိမ်းအဖွဲ့များအား ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် လုံခြုံရေး၊ ကျန်းမာရေးအပြင် အခြားသော ကဏ္ဍအလိုက် သက်ဆိုင်ရာ ကော်မတီများအားဖွဲ့ဆီးခြင်းများဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)