တမူး ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ နွေရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တမူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဧပြီလ ၂ ရက်နေ့နံနက် ၉ နာရီက ရပ်ကွက်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများတွင် ဆောင်ရွက်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးသတိမူရေးနှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြပါရန်၊ မီးလောင်မှုပေါ်ပေါက်လာပါက အလွယ်တကူမီးငြိမ်းသတ်နိုင်ရန် အရေးပေါ်ရေ လုံလောက်စွာရရှိစေရေး၊ မီးသတ်ဆေးဘူး တပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ သုံးစွဲနေသည့်မီးသတ်ဆေးဘူးများ သက်တမ်းလွန်မဖြစ်စေရေး သတိပြုရမည့် အချက်များ၊ မီးသတ်ဆေးဗူး အသုံးပြုနည်းများ၊ မီးချိတ်၊မီးကပ် သဲပုံး၊ ရေပုံး မီးသတ်ဆေးဗူးများ အသင့်ထားရှိရန်နှင့် ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအား အသုံးမပြုကြရန် စသည်အချက်များအား နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရတနာ