ဘိုကလေး ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၇၀)၊ ဦးပိုင်အမှတ် (၁၀) တောင်သူဦးစံသောင်း၏ လယ်မြေ၌ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲနှင့် စိုက်ပျိုးပညာပေးရေးဌာနခွဲတို့ ပူးပေါင်း ဆောင်ရွက်သည့် အပင်ဇီဝနည်းပညာဗဟိုဌာနမှ စမ်းသပ်ထုတ်လုပ်ထားသော သက်တမ်း ဘေးကြား တောင်ပျံမျိုးလိုင်း (၄) လိုင်းအား ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်ထားသည့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၌ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သည့် မျိုးရွေချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ဒေသခံတောင်သူများ၊ ဆန်စက် လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးကျော်ညီညီထွဋ်နှင့်တာဝန်ရှိသူများက စမ်းသပ်ကွက်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အခမ်းအနားတက်ရောက်ကြသူများအားလုံးပူးပေါင်း၍ စမ်းသပ်ထုတ်လုပ်ထားသော သက်တမ်းဘေးကြား တောင်ပျံမျိုးလိုင်း (၄) လိုင်းအား အောင်မြင်ဖြစ်ထွန်းမှု အခြေအနေပေါ်တွင် ကြည့်ရှုလေ့လာသုံးသပ်၍ ကိုယ်တိုင်ပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ခြင်း လုပ်ငန်းစဉ်များအား အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်