ကြို့ပင်ကောက်မြို့နယ်၌ နွေစပါးလျာထားဧက ၈၂၆၈ ဧကအား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး

ကြို့ပင်ကောက် ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် နွေစပါး စိုက်ပျိုးရာသီ၌ နွေစပါး ၈၂၆၈ ဧကစိုက်ပျိုးရန် လျာထားဆာင်ရွက်ခဲ့ရာ မတ်လ ၃၁ ရက်နေ့တွင် ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးသွားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးခြင်းကို ဖေဖော်ဝါရီလမှစ၍ ၈၂၆၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ မတ်လ ၃၁ ရက်နေ့တွင် ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြာင်း ရေအနည်းလို (၇) စပါးမျိုး ၂၅၀ ဧက၊ ထိုင်းနှံကောက်စပါးမျိုး ၃၁၅၀ ဧက၊ ရေဆင်းပေါ်ဆန်း(၂) ၁၀ ဧက၊ ဗီယက်နမ်စပါးမျိုး ၁၈၉၀ ဧက၊ ရက်ကိုးဆယ်စပါးမျိုး ၂၉၆၈ ဧကတို့ စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးပြီးစီးခဲ့သော နွေစပါးများအောင်မြင်စွာဖြစ်ထွန်းနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီနှင့် ဒေသခံတောင်သူများက စနစ်တကျပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် နွေစပါးကိုအခက်အခဲ မရှိစိုက်ပျိုးနိုင်ရန် သွင်းအားစုများပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေရရှိရန်နှင့် စနစ်တကျသုံးစွဲကြရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်းများအပြင် နွေစပါးကို တစ်ဧကတင်း ၁၀၀ ကျော်ထိ ထွက်ရှိနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)