ဓနုဖြူမြို့နယ် Community Centre ခန်းမ၌ Fitness Dance သင်တန်းဖွင့်လှစ်

ဓနုဖြူ ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ Fitness Dance သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ဖွင့်လှစ်ခဲ့သည်။

ထိုသို့သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များအားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ နည်းစနစ်မှူး ဒေါ်ရီရီဝင်းက နည်းပြဆရာအဖြစ် အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းကို ဧပြီလ (၂) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ကျောင်းသူ (၁၇) ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်