ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့် မိခင်နှင့်ကလေး ကျန်းမာ‌ရေး ပညာပေးခြင်း ဆောင်ရွက်

ခမောက်ကြီး   ဧပြီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ခမောက်ကြီးမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမဒေါ်ခိုင်ယမင်းပွင့်က ခမောက်ကြီးမြို့အတွင်းမှ လာရောက်ကြသူ ကလေးငယ်များ၏ အသက်အရွယ်အပိုင်းအခြားအလိုက် ဦးနှောက်အမြှေးပါးရောင် ငါးမျိုးစပ် ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ၊ဂျိုက်သိုး၊ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၊ ကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ခမောက်ကြီး(ပြန်/ဆက်)