ဖြူးမြို့နယ်၌ ရပ်ရွာအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကျင်းပ

ဖြူး ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု၊ တာခြားအ.လ.က(ခွဲ)ကျောင်းတွင် ရပ်ရွာအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး Volunteer စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် ဖြူးချစ်သူများအဖွဲ့ ဖြူးအဖွဲ့ခေါင်းဆောင် ဦးခင်ဇော်နှင့် ကျန်းမာရေးအကြံပေး ဖြူးမြို့ အရေးပေါ် အထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မောင်၊ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာနေဦးအောင်တို့ က သင်ကြားပြသပေးပြီး ရပ်မိရပ်ဖနှင့် သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြသည်။

ထိုသင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကာကွယ်နည်း၊ ထိန်းချုပ်နည်း၊ ကိုဗစ်-၁၉ ကြောင့် အိမ်တွင် Quarantine ဝင်နေစဉ်၊ အသွားအလာ ကန့်သတ်ထားခြင်း ခံရစဉ် လိုက်နာရမည့် အချက်များ၊ Facility Quarantine Centre များမှ မိမိနေအိမ် ပြန်မည့်သူများနှင့် မိသားစုဝင်များ လိုက်နာရမည့် အချက်များ၊ PPE ဝတ်စုံဝတ်ဆင်ခြင်း၊ စနစ်တကျစွန့်ပစ်ခြင်းတို့ကို သရုပ်ပြလေ့ကျင့်နည်းတို့ကို ပြသပေးခဲ့ကြောင်း သိရသည်။

ဖြူး(ပြန်/ဆက်)