အိမ်မဲမြို့တွင် နွေစပါးသီးနှံစံကွက်ရိတ်သိမ်းပွဲကျင်းပရာ ပန်းတိုင်အထွက်နှုန်းထက်ပိုမိုရရှိ

အိမ်မဲ ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပွဲစားဂုံညင်းတန်းကျေးရွာအုပ်စု၊ ရိုးစောင်း ကျေးရွာ တောင်သူ ဦးနိုင်ဝင်းသူ၏ ကွင်းအမှတ် ၁၄၄ဃ ၊ ဦးပိုင်အမှတ် ၁၇/၆ လယ်မြေ (၁၀)ဧက တွင် နွေစပါးသီးနှံ GW-11မျိုး စံကွတ်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီ (၃၀)မိနစ် အချိန်က ကျင်းပခဲ့သည်။

အဆိုပါနွေစပါးသီးနှံ GW-11မျိုး(၁၀)ဧက စံကွက်ရိတ်သိမ်းရာ (၁)ဧက အထွက်တင်း အစို ၂၀၅.၂၀ တင်း အခြောက်တင်း (၁၇၀.၈၄)တင်းထွက်ရှိခဲ့ရာ ပန်းတိုင်အထွက်နှုန်းထက်ပိုမိုရရှိ ကြောင်း နှင့် စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက် ခဲ့ ကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)