ဓနုဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျသဖြင့် နေအိမ် (၁) လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့

ဓနုဖြူ  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာအုပ်စု၊ တာကြီးတန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်း တာမိုင် (၆၁/၄နှင့် ၆၁/၅) ကြားတွင် ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်ခန့်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ နေအိမ် (၁)လုံးအား ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ခဲ့ရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုမရှိကြောင်း ဓနုဖြူ မြို့မရဲစခန်းမှ သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)