ညောင်တုန်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကျင်းပ

ညောင်တုန်း မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှ စတင်၍ ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ကျင်းပရာတွင် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း(၂၂)ပါး၊ ပထမလတ်တန်း(၃၂)ပါး၊ ပထမငယ် တန်း(၄၂)ပါး၊ အခြေပြုမူလတန်း(၅၉)ပါး စုစုပေါင်း စာဖြေသံဃာ (၁၅၅)ပါး စာရင်းသွင်းဖြေဆိုကြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့၊ ကြီးကြပ်ဆရာတော်များနှင့်အတူ မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ စာမေးပွဲဖြေဆိုသည့်ကာလအတွင် ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်(ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း)စာမေးပွဲများကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ထိ ကျင်းပမည်ဖြစ်‌ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။

မြို့နယ်(ပြန်ဆက်)