ပေါင်းတည်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်‌ဖြေဆို

ပေါင်းတည် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ပေါင်းတည်ပါဠိပထမပြန်စာမေးပွဲစာစစ်ဌာန သာသနာ့ဗိမာန်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ အေးချမ်းစွာ ဆက်လက်ဖြေဆိုတော်မူကြကြောင်း သိရသည်။

ယနေ့တွင် ဖြေဆိုရန်စာရင်းရှိ ပထမကြီးတန်း (၁) ပါး၊ ပထမလတ်တန်း (၄) ပါး၊ ပထမငယ်တန်း (၂၂) ပါး၊ အခြေပြုမူလတန်း (၁၃) ပါး စုစုပေါင်းအပါး (၄၀) ရှိရာ ယနေ့တွင် ကစ္စည်းသဒ္ဒါကြီးဘာသာရပ်အား ပထမကြီးတန်း (၁) ပါး၊ ပထမလတ်တန်း (၄) ပါး၊ ပထမငယ်တန်း (၂၁) ပါး၊ အခြေပြုမူလတန်း (၁၂) ပါး စုစုပေါင်း (၃၈) ပါး ဖြေဆိုကြကြောင်း စာမေးပွဲကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါစာဖြေသံဃာများ စာမေးပွဲဖြေဆိုနေမှုအား ကြီးကြပ်ရေးဆရာတော်ကြီးများနှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေသား