ဒိုက်ဦး မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၆) ခုနှစ် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းစာမေးပွဲ မတ် ၂၉ ရက်နေ့ မွန်းတည့် (၁၂) နာရီက ဒိုက်ဦးမြို့ဘုရားကြီးကျောင်းဓမ္မာရုံ၌ ဖြေဆိုကြသည်။
အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း (၁၅) ပါး၊ ပထမလတ်တန်း (၂၁) ပါး၊ ပထမငယ်တန်း (၄၉) ပါး ၊ အခြေပြုမူလတန်း (၆၈) ပါး၊ စုစုပေါင်း (၁၅၃) ပါးဖြေဆိုကြကြောင်း သိရသည်။
စာဖြေသံဃာတော်များအား မြို့နယ်ကြီးကြပ်ရေးသံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက စာဖြေသံဃာတော်များအား လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)