ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးနှင့် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအစည်းအဝေးကျင်းပ

ရွှေတောင် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီပါအဖွဲ့ဝင်များမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့၏ ဌာနအလိုက် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရွှေတောင်မြို့နယ်အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ ရေကစားမဏ္ဍပ်၌ ယိမ်းအကဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ ကပြဖျော်ဖြေနိုင်ရေးနှင့် နှစ်ဆန်း ၁ ရက်နေ့တွင် သက်ကြီးဘိုးဘွားကန်တော့ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် နှစ်ဆန်း ၂ ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်နိုင်ရေးတို့ကို ဆွေးနွေးကြရာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)