အုတ်တွင်းမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အုတ်တွင်း မတ် ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ န၊မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က မြန်မာ့ရိုးရာ ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးလုပ် ငန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူး အောင်လင်းခိုင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်အား ကြက်သွန်ခင်း (၁) ရပ်ကွက်ရှိ အောင်စိုးမိုးလမ်းတွင် အလျား ၃၀၀ ပေခန့် အနံ ၁၂ ပေ ဆောင်ရွက်မည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦးက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်နှင့် စတုဒီသာကိုမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလှည့်ကျကျွေးမွေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)