မြန်အောင် မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးဝေရေး၊ VDP နှင့် SMART VILLAGE လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ် ၃၀ ရက်နေ့နံနက်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းစိုးဦးတို့က အဖွင့်အမှာစကား ပြောကြားကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဇော်ထက်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သော ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးဝေရေး၊ VDP နှင့် SMART VILLAGE လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးဝေရေး၊ VDP နှင့် SMART VILLAGE လုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာကော်မတီများသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးဝေရေး၊ VDP နှင့် SMART VILLAGE လုပ်ငန်းများကို မြန်အောင်မြို့နယ် ရှားတောအုပ်စု၊ ညောင်ဝိုင်းအုပ်စု၊ မရွေးကုန်းအုပ်စု၊ ကွမ်းတောအုပ်စု၊ ဝက်တိုးအုပ်စု၊ သက္ကယ်ကုန်းအုပ်စု၊ ဆန်နီချောင်အုပ်စုတို့တွင် နိုင်ငံတော်မှ ကျပ်သန်း ၃၀၀.၉၉၁၊ ပြည်သူထည့်ဝင်ငွေ ကျပ်သန်း ၂၂.၄ တို့ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)