ကြို့ပင်ကောက်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကြို့ပင်ကောက် မတ် ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်ကွက်နေပြည်သူများ တက်ရောက်ပြီး နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓါနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကောဏ္ဍညထံမှ ငါးပါသီလခံယူဆောက်တည်ပြီး စာအောင်သံဃာတော်အရှင်မြတ်များနှင့် သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် ဓမ္မာစရိယ (၃) ကျမ်းအာင် လေးပါး၊ ပထမကြီးတန်းနှစ်ပါး၊ ပထမလတ်တန်းနှစ်ပါး၊ ပထမငယ်တန်းတစ်ပါး၊ အခြေပြုမူလတန်းအာင်လေးပါး စုစုပေါင်းစာအောင်သံဃာ ၁၁ ပါးနှင့် သီလရှင်ဆရာလေးနှစ်ပါးတို့ အောင်မြင်တော်မူခဲ့ကြပြီး ယခု ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို မတ်လ ၂၃ ရက်နေ့မှ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း