ကဝ မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၆)ခုနှစ် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းစာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှစတင်ကာ ကဝမြို့ စက်ကျောင်းကျောင်းတိုက်၌ ဖြေဆိုခဲ့ကြောင်းသိရသည်။
အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း(၄)ပါး၊ ပထမငယ်တန်း(၄)ပါး၊ အခြေပြုမူလတန်း(၃၉)ပါး၊ စုစုပေါင်း(၄၇)ပါး စာရင်းသွင်းထားသော်လည်း ဖြေဆိုသူ (၃၈)ပါးသာရှိပြီး ပထမငယ်တန်း (၁)ပါး၊ အခြေပြုမူလတန်း (၈)ပါး၊ စုစုပေါင်း(၉)ပါး ပျက်ကွက်ကြောင်း သိရသည်။
စာဖြေသံဃာတော်များအား မြို့နယ်ကြီးကြပ်ရေးသံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ၊ ရပ်ဖများက စာဖြေသံဃာတော်များအား လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၉)ရက်နေ့မှ ဧပြီလ (၄)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)