ဇီးကုန်း မတ် ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အမှတ် (၄) ရပ်ကွက်ရှိ မြို့လယ်သံဓမ္မာရုံ၌ မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီမှစတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် ပထမလတ်၌ (၅) ပါး၊ ပထမငယ်တန်း၌ သာမဏေ (၆) ပါးနှင့် သီလရှင် (၁) ပါး၊ အခြေပြုမူလတန်း၌ (၁၁) ပါး၊ စုစုပေါင်း ၂၃ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
သံဃာတော်များဖြေဆိုနိုင်ရေးအတွက် နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတသမားတော် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တနှင့် ဇီးကုန်းမြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် သက်ဆိုင်ရာမြို့နယ်အဖွဲ့ သံဃာနာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး မတ် ၂၉ ရက်မှ ဧပြီ ၃ ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ (ပြန်ဆက်)