ရွှေကျင်မြို့တွင် ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ရွှေကျင် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊  ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက် လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ရွှေကျင်မြို့နယ်တွင် မတ် ၂၉ ရက် မွန်းတဲ့(၁၂)နာရီမှ စတင် ကျင်းပလျက်ရှိသည်။

အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း(၇)ပါး၊ ပထမလတ်တန်း(၁၅)ပါး၊ ပထမငယ်တန်း(၂၉)ပါး၊ အခြေပြုမူလတန်း(၂၉) ပါး၊ ‌စုစု‌ပေါင်း အပါး ၈၀  ဖြေဆိုလျက်ရှိသည်။ စာဖြေသံဃာတော်များအားရွှေကျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဌဦး‌ ဇေယျာဟိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)