ဟုမ္မလင်း မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့မစည်ပင်သာယာစျေး၊ လူစည်ကားရာနေရာများနှင့် ဌာနဆိုင်ရာရုံးများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်၌ (၈၁)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက်၊ မဆုတ်မနစ်တဲ့ဇွဲလုံးလနဲ့ ကျေပွန်အောင်ထမ်းဆောင်၊ အားသစ်စေကြောင်းပြည့်သားကောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)