ရေနံချောင်း ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ) ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရေနံချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် ဦးသိန်းလှ၊ ရေနံချောင်းမြို့နယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအောင်ကျော်လင်း၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေး မှူးဦးကျော်သူ၊ ရေနံချောင်းမြို့နယ်စည်ပင်သာရေး အဖွဲ့လက်ထောက်ညွှန်ကြားရေးမှူးဦးမျိူးးနိုင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်