ပိုင်ကျုံမြို့ တနင်းသ‌ရောကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း)တွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၄၅)ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ  ဇန်နဝါရီ   ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင်ကမ္ဘာ့ ဘဏ်အကူအညီဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာလ (၂၉) ရက်နေ့က စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၄၅)ရာခိုင် နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ​တနင်းသရောကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတွင် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် (၃၂၀) သိန်းဖြင့်(အရှည် ၂၀၀၀ပေ × အကျယ် ၁၅ပေ x ထုထည် ၆လက်မ)ရှိပြီး လူထုဗဟိုပြုစီမံကိန်းမှ တာ၀န်ရှိသူများ၏ အနီး ကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီး ဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်း ညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် စတင်အ​ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပါက ​​တနင်းသရော ကျေးရွာမှ အိမ်​ထောင်စု(၉၉)စု၊ လူဦး​ရေ (၅၈၆)ဦးတို့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှုရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင်ပိုမိုလွယ် ကူအဆင်​ပြေလာမည်ဖြစ်​ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)