ပိုင်ကျုံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပရဟိတအဖွဲ့တစ်ခုဖြစ်သော အခြေခံအဆောက်အအုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP) တို့ ပူးပေါင်းစီမံမှုဖြင့် တည်ဆောက်လျက်ရှိသည့် ပိုင်ကျုံ-မိုးနိုင်း ချောင်းကူးတံတားကြီးအား ဒီဇင်ဘာလ(၁၉)ရက်နေ့မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (JIP) အနေဖြင့်မြန်မာနိုင်ငံအတွင်း မြို့ပြနှင့်ကျေးလက်ဒေသ လမ်းပန်း ဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရေးနှင့် လူနေမှုဘဝ မြင့်မား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တံတားကြီးတည်ဆောက် ခြင်းလုပ်ငန်းကို(JIP) အဖွဲ့အစည်း တာဝန်ခံဦးစိန်သောင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် တံတားအရှည်(၅၃၀)ပေ နှင့် အကျယ်(၁၅)ပေရှိပြီး တံတားခံနိုင်ဝန်မှာ တန်(၂၀) ရှိကြောင်း သိရသည်။
အဆိုပါတံတားကြီးပြီးစီးပါက ပိုင်ကျုံမြို့နယ်အတွင်းရှိ တာလယ်၊ ဝင်းစော၊ သမို၊ မိကြောင်၊ မိုးနိုင်းကျေးရွာ အုပ်စုများမှ ကျေးရွာပေါင်း(၅၁)ရွာအတွင်းရှိ လူဦးရေ(၂၁၄၄၁)ဦးတို့၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွား/လာရေးအဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)