မော်လမြိုင်ကျွန်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံဆောင်းနေကြာ စံပြစိုက်ခင်းအား ယနေ့နံနက် ၉ နာရီက တံခွန်တိုင်ကျုံဝါးကျေးရွာ၊ တောင်သူဦးတင်ထွန်း၏ ကွင်းအမှတ် (၁၁၄၇-ခ)၊ ဦးပိုင်အမှတ် (၁၀/၈)၊ ရေဆင်းစပ်မျိုး (၁) (၅.၀၀) ဧက စံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါ ဆီထွက်သီးနှံဆောင်းနေကြာစံကွက်ရိတ်သိမ်းနေမှုကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက ဆောင်းနေကြာစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကြပြီး တောင်သူများအနေဖြင့် ထွက်နှုန်းပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဒေသအတွင်းဆီဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင်ကစ၍ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေးကို ကြိုးစားပြီးစိုက်ပျိုးသွားကြရန် မှာကြား ခဲ့သည်။
ထိုသို့စံပြကွက်ရိတ်သိမ်းပွဲ့သို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တံခွန်တိုင်ကျုံဝါးကျေးရွာ၊ တောင်သူဦးတင်ထွန်း၏ လယ်မြေ (၅.၀၀) ဧကတွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပြီး နေကြာတစ်ဧကလျှင် အစိုထွက်တင်း (၄၀.၀၀) နှင့် အ ခြောက်ထွက်တင်း (၃၀.၄၈) ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရှိရသည်။
ရဲကိုမောင်