ကနီမြို့နယ်အတွင်းရှိ ဆင်းသုခစပါးမျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများမှ ဆင်းသုခ စပါးမျိုးစေ့များ စုပေါင်း လှူဒါန်း

ကနီ ဇန်နဝါရီ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ မိုးလို မိုခေါင်း ၍မိုးစပါးပျက်စီး ခဲ့ပြီး အမှန်တကယ် မျိုးစေ့ လိုအပ်ချက်ရှိသောတောင်သူများအတွက် ဆင်းသုခစပါးမျိုးစေ့ စုပေါင်း ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က ကနီမြို့နယ် တဇယ်​ချောင်းကျေးရွာ ​တောင်သူ ဦးတင်ငွေ နေအိမ်နှင့် ကင်းတောင်အုပ်စု ခိုတွင်းကျေးရွာ တောင်သူ ဦးချင်းစိန်တို့၏ နေအိမ်များတွင် မျိုးစေ့ထောက်ပံ့ လှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မျိုးစေ့ ထောက်ပံ့ပွဲအခမ်းအနားသို့ ကနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ အမှတ် (၁ ) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေး၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ဝင်း၊ ကနီမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒု/မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း ၊ ကနီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးချစ်ကိုကို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် စိုက်ပညာ (နယ်တာဝန်ခံ) ဝန်ထမ်းများ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်း ရှိရပါသည်။

ကနီမြို့နယ်အတွင်းရှိ မိုးလို မိုးခေါင် မိုးစပါးပျက်စီးခဲ့ပြီးအမှန်တကယ် စပါးမျိုးစေ့လိုအပ်သော တောင်သူများအတွက် စုပေါင်းလှူဒါန်းသည့် ဆင်းသုခစပါး တင်းအရေအတွက်မှာ တဇယ် ချောင်းကျေးရွာအုပ်စု မျိုးစေ့ထုတ်တောင်သူများမှ (၆၃ ) တင်း၊ ကင်းတောင် အုပ်စုမျိုးစေ့ထုတ် တောင်သူများမှ (၆၆•၅ ) တင်း စုစုပေါင်းဆင်းသုခ စပါးမျိုးစေ့ ( ၁၂၉•၅)တင်းတို့ကို မျိုးစပါး ဆင်းသုခ ထုတ်တောင်သူများကိုယ်တိုင် ကျေးရွာအလိုက် အစီအစဉ်ဖြင့် စပါးမျိုးစေ့များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ကနီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရပါသည်။

ခင်ဝင်းကြည်(ပြန်  / ဆက်)