မြန်အောင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်

မြန်အောင် ဇန်နဝါရီ  ၁၂

မြန်အောင်မြို့နယ်အတွင်းရှိ Quarantine Center များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများကို ယနေ့ နံနက်တွင် မြန်အောင်မြို့ အ.ထ.က(၁) Quarantine Center တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြန်အောင်မြို့ အ.ထ.က(၁) Quarantine Center တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဌေးလွင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတိုးမြင့်အောင်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးသိန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက Quarantine ဝင်ရောက်နေသူများ လျှပ်စစ်မီး စနစ်တကျသုံးစွဲရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ပြောကြားပြီး အားပေးစကား ပြောကြားခဲ့သည်။

မြန်အောင်မြို့နယ်အတွင်း Quarantine Center (၅၅) ခုတွင် ၁၁-၁-၂၀၂၁ နေ့အထိ ကျား (၂၅၅)ဦး၊ မ(၁၆၇)ဦး    စုစုပေါင်း(၄၂၂)ဦးရှိပြီး Quarantine Center များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများနှင့်အသိ ပညာပေးခြင်းတို့ကို Quarantine Center များအလိုက် ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်ထံမှ သိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)