ကလေးခရိုင်အတွင်း ငါးမွေးကန်စာရင်းမှန်ကန်ရေးနှင့် စုပ်ခွက်ငါးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကလေး ဇန်နဝါရီ ၁၂

ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ ကလေးခရိုင်အတွင်းရှိ ငါးမွေးကန်များ ဧကစာရင်းမှန်ကန်ရေး အချက်အလက်ကောက်ယူခြင်းနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ ဆောင်ရွက် နိုင်ရေး၊ စုပ်ခွက်ငါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေနှင့်ဝန် ထမ်းများက ကလေးမြို့နယ် အတွင်းရှိ ပြည်တော်သာကျေးရွာ၊ ပျဉ်းခုံကြီးကျေးရွာ၊ ပျဉ်းခုံလေး ကျေးရွာ၊ မောက်လင်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ မင်းလှကျေးရွာ ၊ဒိုးဝိုင်းချောင်းကျေးရွာ၊ အိတ်စွပ်ကျေးရွာ၊ ကလေးဝမြို့နယ်အတွင်းရှိ ဘလက်သာကျေးရွာ၊ ကြခတ်တော ကျေးရွာ၊ တောင်ရွာမကျေးရွာ၊ မြောက် ရွာမကျေးရွာ၊တောင်ခင်ကျေးရွာ၊ ရှမ်းစု ကျေးရွာများအတွင်း ငါးမွေးကန်များ စာရင်းအချက်အလက် မှန်ကန်ရေးအတွက် စာရင်းကောက်ယူခြင်း၊ ငါးမွေးမြူရေး နှင့် ပတ်သက်၍ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေး တို့အတွက် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စုပ်ခွက်ငါးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့်ပတ် သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

ထန်းဖုန်(ပြန်/ဆက်)