မော်လိုက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

မော်လိုက် မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ယာဘီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မတ်လ(၂၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်က အဖွင့်အမှာ စကားပြောကြားသည်။ ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မော်လိုက်မြို့တွင်ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု(၅၇၂)စုရှိ၊ လူဦးရေ(၂၀၀၇)ဦးတို့ကို တစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လစာ စုစုပေါင်း(၆၀၀၀၀)ကျပ်ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။