ပြည် ဇန်နဝါရီ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association (SVA)တို့ ပူးပေါင်း ဆောင်ရွက်သော ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ တတိယအကြိမ် သုံးလပတ် (အွန်လိုင်း) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်မှ မွန်းလွဲ ၁၂ နာရီခွဲ အထိပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်တာကာလအတွင်း အဓိကထား ပူးပေါင်းဆောင်ရွက်ခဲ့သော ကလေး စာဖတ်ခန်း ဝန်ဆောင်မှုအခြေအနေများ၊ နယ်လှည့် ရွေ့လျား စာကြည့်တိုက်နှင့် စာငှားဝန်ဆောင်မှုအခြေအနေများ၊ ဦးတည် အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများကို သင်တန်းပေးမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းမှ ပုံပြောခြင်း အခြေအနေနှင့် ကလေး စာဖတ်ခန်းမှ စာငှား ဝန်ဆောင်မှုအခြေအနေ၊ ကိုဗစ်ကာလအတွင်း SVA ၏ အခြားအသိပညာပေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ စသည့် အကြောင်းအရာများကို သုံးသပ်တင်ပြ ဆွေးနွေးခဲ့ကြကြောင်းနှင့် ယင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စဉ် အခြေအနေများကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး အဆိုပါ အွန်လိုင်းအစည်းအဝေးသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးအရာရှိနှင့် မြို့နယ်ဦးစီးမှူးများ၊ စာကြည့်တိုက်တာဝန်ခံ ဝန်ထမ်းများနှင့် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ ဒါရိုက်တာနှင့် ဝန်ထမ်းများ တက်ရောက်ဆွေးနွေး ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)