အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေး

အိမ်မဲ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင်ထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယခုလ (၂၃)ရက်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း ၁၇၂၅ ဦးရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှသိရသည်။

“အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို ဒီလမှာ တော့ (၂၃) ရက်နေ့ကနေ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာ ဆက်လက်ထုတ်ပေးသွားမှာပါ။ ယနေ့ နံနက်ပိုင်း (၁၀) နာရီခွဲလောက်အထိ အငြိမ်းစာဝန်ထမ်း (၀) ကျော်လောက်ပင်စင် လစာထုတ်ပေးပြီးပါပြီလို့ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ပြောကြားချက်အရ သိရသည်။

အဆိုပါပင်စင်လစာငွေများ လာရောက်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချိုတိုင်းတာ၍ သောက်ဆေးများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်