စက်သုံးဆီအရောင်ဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရှောင်တခင်စစ်ဆေး

ငပုတော မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးပိုင်စိုးနှင့် တပ်ဖွဲ့ဝင်များက ငပုတောမြို့အတွင်း ရောင်းချလျက်ရှိသော ဆုဈာန်စက်သုံးဆီ အရောင်းဆိုင်အတွင်း မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် သဲပုံး၊ ရေးပုံး၊ မီးသတ်ဆေး အသင့်ထားရှိမှု ရှိ /မရှိ ၊ ရေလုံလောက်စွာရရှိမှု ရှိ၊ မရှိအား စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ