ပေါင်းတည်၌ စက်သုံးဆီရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

ပေါင်းတည် မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်နယ်၌ စက်သုံးဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိရာ မတ်လ ၂၁ ရက်နေ့လယ်ပိုင်းက  ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များလိုက်ပါလျက် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ထိုပူးပေါင်းအဖွဲ့က စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန်၊ တရားမဝင်ရောင်းချမှုများ မဖြစ်ပေါ်စေရန်၊ ကားများဆီဖြည့်ရာ၌ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရန်၊ စက်သုံးဆီများ ရောင်းချရာတွင် ပေပါ၊ ဘူး၊ ပုံးများဖြင့် ဝယ်ယူမှုများရှိပါက ရောင်းချမှုမပြုရန်၊ မော်တော်ယာဉ်တစ်စီးလျှင် တစ်နေ့တစ်ကြိမ်သာရောင်းချရန်၊ အစိုးရသတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အထူးအလေးထား လိုက်နာဆောင်ရွက်ရန်တို့ကို ဆွေး‌နွေးမှာကြားကာ ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား