သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကာလတို သက်မွေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

သဲကုန်း  ဇန်နဝါရီ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေး ဆိုင်ရာ ကာလတို သက်မွေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က သဲကုန်းမြို့နယ် ရဲ့ရဲ့ကန်ကျေးရွာအုပ်စု၊ ရဲ့ရဲ့ကန်ကျေးရွာတွင် ကိုဗစ်-၁၉ ညွှန်ကြားချက် နှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စား ဦးဇော်လင်းထိုက်နှင့် ပြည်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသိန်းထိုက်ဦးတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မြတ်ထွန်း မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းအား ဇန်နဝါရီ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၅)ရက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း(၃၀) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း (သဲကုန်း ပြန်/ဆက်)