ကနီမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကနီ  ဇန်နဝါရီ     ၁၂

စစ်ကိုင်းတိုင်းဒေသကြီ ယင်းမာပင်ခရိုင်၊ ကနီမြို မြို့နယ် အထွေထွေ အုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ကရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၄င်းဆွေးနွေးပွဲအခမ်းအနားသို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေး၊ ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း၊ ဒု/မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြ​​​ကြောင်း သတင်းရရှိပါသည်။

​ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုရေးမှူးက ကနီမြို့နယ်အတွင်း ရပ်ကွက် သို့မဟုတ်​ ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများ ပြန်လည်​ရွေးချယ်ရာတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးခြင်းနှင့် ​ရွေးချယ်ရေး လုပ်ငန်းစဉ် Time  Frame၊ ပြည့် စုံရမည့်အရည်အချင်းများ၊ အခြေခံရမည့် အိမ်ထောင်စုစာရင်း၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ နည်းဥပဒေ ၃(က )၊ နည်းဥပဒေ ၄  (က) များ၊ ဆယ်အိမ်စုရာအိမ်စုများဖွဲ့စည်းခြင်း နည်းဥပဒေ ၅၊ လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားခြင်းနှင့် ဆယ်အိမ်စု​ရွေးချယ်ခြင်း၊ ကြီးကြပ်ရေးအဖွဲ့နည်း ဥပဒေ ၆၊  ရာအိမ်မှူးနှင့် ​ကျေးရွာတာဝန်ခံ ရွေးချယ်ခြင်းနှင့် အငြင်းပွားမှူ့ဖြေရှင်းခြင်းများ၊ နည်းဥပဒေ ၈၊ နည်းဥပဒေ  (က )၊ နည်းဥပဒေ ၉၊ အုပ်ချုပ်ရေးမှူး ​ရွေးချယ်ခြင်း နည်းဥပ​ဒေ ၁၀ ၊ ခန့်အပ်ခြင်းနှင့် တာဝန်ပေး အပ်ခြင်း နည်းဥပဒေ ၁၁ အစရှိသည်တို့ကို အသေးစိတ် တက်ရောက်လာသော လွတ်တော်ကိုယ်စားများနှင့် ဌာနဆိုင်ရာအကြီးအကဲများအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ပ ရိုချက်တာဖြင့် ထိုးပြ၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဝင်းကြည်  (ပြန် / ဆက်)