သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပ

သရက်ချောင်း မတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သရက်ချောင်းမြို့၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌‌အောင်မြင့်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးနှင့် ဆရာ/ဆရာမများ၊ ကလေးသူငယ်များနှင့် မိဘများ တက်ရောက်ကာ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌‌အောင်မြင့်သိန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက တက်ရောက်လာသူများအား အခုလို ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တစ်နှစ်ပြီးဆုံး၍ ကလေးသူငယ်များအား ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော မိဘများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌‌အောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက ရင်သွေးငယ်များအား ကျောင်းဆင်းလက်မှတ် ချီးမြှင့်ပေးခဲ့ပြီးနောက် ရင်သွေးငယ်များက တက်ရောက်လာသူများအား"လမ်းပြကြယ်" တေးသီချင်းဖြင့်လည်ကောင်း၊ "ကျေးတောသူ" တေးသီချင်းဖြင့်လည်ကောင်း၊ "ရတယ်ရှင်" တေးသီချင်းဖြင့်လည်ကောင်း ကပြဖျော်ဖြေခြင်းနှင့် ရင်သွေးငယ်လေးများမှ "မြတ်ဆရာ" သီချင်းဖြင့် တီဆိုဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းလိုက်‌ကြောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)