ရေဖြူမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း တတိယပတ်အဖြစ် ဖွင့်လှစ်လျက်ရှိ

ရေဖြူ မတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား/ ကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်များ ဖြစ်လာစေရေးအတွက် (ခ) ရပ်ကွက်၊ သန္တာလမ်းရှိ ဓမ္မမာမကကျောင်း၌ မတ်လ၃ရက်နေ့ကစတင်ကာ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို တတိယပတ်အဖြစ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းကို ဓမ္မမာမကကျောင်း ဆရာတော်နှင့် ဂေါပကအဖွဲ့ကဦးဆောင်၍ အသက်အရွယ်အလိုက် ဗုဒ္ဓစာပေကျမ်းဂန်များလာ ယဉ်ကျေးမှုအဆုံးအမများ၊ ယဉ်ကျေးလိမ္မာစွာနေထိုင်ပြုမှု ပြောဆိုတတ်စေမည့် နည်းလမ်းများစသည့် ယဉ်ကျေးလိမ္မာ(အခြေခံအဆင့်)နှင့် ယဉ်ကျေးလိမ္မာ(ပထမအဆင့်)တို့ကို မတ်လ၃ရက်နေ့မှ ဧပြီ ၂ရက်နေ့အထိ နေ့စဉ်နံနက် ၇နာရီ မှ ၉နာရီ အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသား(၇၀)ဦး တက်ရောက်ပြီး အာဟာရအလှူရှင်များကလည်း နေ့စဉ်ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)