မဟာဗုဒ္ဓဝင်နှင့် (၃၈) ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်း ဖွင့်လှစ်

ပဲခူး မတ် ၂၀

ပဲခူးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကကြီးမှူးပြီး မဟာဗုဒ္ဓဝင်နှင့် (၃၈) ဖြာမင်္ဂလာယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းကို မတ် ၁၈ ရက်နေ့က ပဲခူးမြို့ စစ်မှုထမ်းဟောင်းအိမ်ယာရှိ သင်တန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးလှတင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားကာ သင်တန်းဆရာတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းအား မတ်လ (၁၈) ရက်နေ့မှ (၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)