ကော့သောင်းမြို့တွင် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း ဆောင်ရွက်

ကော့သောင်း  မတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီခန့်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဦးစီးအရာရှိ ဦးသူရိန်မြင့်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဌာနအဖွဲ့အစည်းများ ယ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်များ၊ သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးများ ကျရောက်၍ ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပါက ထောက်ပံ့မှုအခြေအနေများ၊လေပြင်းဘေး/မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ လေပြင်း‌ဘေး/မုန်တိုင်း‌ဘေးဖြစ်ပေါ်နေစဉ်လိုက်နာရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီး ချိန်ပြုလုပ်ရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဘေးနှင့်ပတ်သက်၍ မိုးဇလမှထုတ်ပြန်သော အရောင်သတ်မှတ်ချက်များကို အသိပညာပေး‌ ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)