ပန်းတောင်း မတ် ၁၉
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၌ နှမ်းများကို ယမန်နေ့နံက်ပိုင်းက ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
နှမ်းကို စိုက်ပျိုးရာတွင် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မြေဆီလွှာထိန်းသိမ်းမှု၊ ရေစီမံခန့်ခွဲမှုနှင့် အထွက်နှုန်းတိုးတက်လျက်ရှိကြောင်း သိရသည်။
ဘောင်ကြီးတင်စိုက်ပျိုးခြင်းမှာ မြေပြင်ကို တန်းစီပြီး မြင့်မြင့်ဘောင်များပြုလုပ်ကာ အကြားတွင် ရေလမ်းများထားရှိခြင်း၊ မိုးရေများစွာကျသောအချိန်တွင် ရေကြီးမူကို လျော့နည်းစေပြီး နှမ်းပင်များ၏ အမြစ်ပုပ်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
ထို့အပြင် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မျိုးစေ့အသုံးချမှုကို ထိရောက်စေပြီး အပင်ကြားအကွာအဝေးကို တိတိကျကျထိန်းချုပ်နိုင်သောကြောင့် အပင်တစ်ပင်ချင်းစီ၏ ကြီးထွားမှုကောင်းမွန်စေသည့်အပြင် ဘောင်ကြီးတင်နည်းကို အသုံးပြုခြင်းဖြင့် မြေညီပြန့်စိုက်ပျိုးမှုထက် အထွက်နှုန်းပိုမိုရရှိနိုင်ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)